ဒေါပုံ ဩဂုတ် ၁၉
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် KG ကျောင်းသား၊ ကျောင်းသူများ ပြင်းထန်၀မ်းပျက်၊ ၀မ်းလျှောရောဂါကာကွယ်ဆေး(Oravacs)တိုက်ကျွေးခြင်း အသိ ပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အ.ထ.က(၁) ၊ ပညာခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ဦးစွာ ဒေါပုံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးထူးထက်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမျိုးခိုင်က ပြင်းထန်၀မ်းပျက်၊ ၀မ်းလျှောရောဂါကာကွယ်ဆေး(Oravacs)တိုက်ကျွေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူးဒေါ်နိုင်နိုင်ဦးက ကာကွယ်ဆေးတိုက်ကျွေးရာတွင် ပညာရေးဌာနအနေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားခဲ့ပါသည်။ အဆိုပါ ပြင်းထန်၀မ်းပျက်၊ ၀မ်းလျှောရောဂါကာကွယ်ဆေး(Oravacs)ကို ဒေါပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် KG အရွယ်ကလေးငယ်များအား တာ၀န်ရှိသူများက လိုက်လံတိုက်ကျွေးသွားမည်ဖြစ်ရာ ကာကွယ်ဆေးတိုက်ကျွေးမှုမကျန်ရှိစေရေးနှင့် ကာကွယ်ဆေးအပြည့်အ၀လွှမ်းခြုံမှုရှိနိုင်ရေးတို့အတွက် အသိပညာပေးဆောင်ရွက်လျက်ရှိကြောင်းလည်းသိရသည်။
ချစ်စုဝေ(ပြန်/ဆက်)