မိုင်းတုံမြို့တွင် ကျောင်းမုန့်စျေးတန်းများစစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်

မိုင်းတုံ ဩဂုတ် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်​၊ မိုင်းတုံမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ မုန့်စျေးတန်းများတွင် ရောင်းချနေသည့် မုန့်များစစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများကို ယနေ့နံနက် ၉ နာရီက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် အခြေခံပညာအထက်တန်းကျောင်းရှိ မုန့်စျေးတန်းများတွင် ရောင်းချနေသည့် မုန့်များအား FDA ခွင့်ပြုချက် ရှိ/မရှိ၊ ရက်လွန်မုန့်များရောင်းချခြင်း၊ မသန့်ရှင်းသောပစ္စည်း၊ ဓာတုဆိုးဆေးနှင့် ယင်နားစာများ စနစ်တကျ ထားသိုရောင်းချခြင်းရှိ/မရှိတို့ကို ကျောင်းတာဝန်ခံ ဆရာ/ဆရာမများနှင့် ပူးပေါင်းစစ်ဆေးခဲ့ကြသည်။

မိုင်းတုံမြို့တွင် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာအဖွဲ့များက ကျောင်းသား/ကျောင်းသူများ မိုးရာသီကာလ မသန့်ရှင်းသော အစားအစာများကြောင့် ဝမ်းပျက်/ဝမ်းလျှောရောဂါများမဖြစ်ပွားစေရေးအတွက် ကျောင်းမုန့်စျေးတန်းများစစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးကျော်စိုး (ပြန်/ဆက်)