ပင်လောင်းမြို့နယ်၌ အထူးကုဆရာဝန်ကြီးများအဖွဲ့မှ ပြည်သူများအား ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေး

ပင်လောင်း ဩဂုတ် ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ကျန်းမာရေးဦးစီးဌာန အထူးကုဆရာဝန်များက နယ်လှည့်ကုသရေးအဖွဲ့မှ ပင်လောင်းကြီးကျေးရွာအုပ်စု ပင်လောင်းကြီးအရှေ့ရွာ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီမှ မွန်းလွဲပိုင်းထိ ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆေးကုသမှုများကို ရှမ်းပြည်နယ် ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင် ဦးဆောင်ကြီးကြပ်မှုဖြင့် ကလောမြို့နယ်မှ အရိုးအထူးကု ဆရာဝန်၊ ကလေးအထူးကု၊ သားဖွားနှင့်မီးယပ်၊ မေ့ဆေးအထူးကု၊ ခွဲစိပ်အထူးကု ဆရာဝန်များနှင့် လက်ထောက်ဆရာဝန်များနှင့် ကုတင် (၅၀) ဆံ့ တိုင်းရင်းဆေးဆေးရုံ‌ (အေးသာယာ) ဆေးကုအဖွဲ့များက ပြည်သူများအား ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆေးကုသရာတွင်  သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ECG စက်ဖြင့် ရောဂါစစ်ဆေးပေးခြင်း၊ ရောဂါများ စမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးရာ ဆေးကုသမှုခံယူရန်လိုအပ်သူများကို ရောဂါကုသပေးခြင်းနှင့် သက်ဆိုင်ရာရောဂါစားဆေးသောက်ဆေးများကို ပေးဝေခဲ့ကြောင်း၊ အဆိုပါကွင်းဆင်းဆေးကုသမှုများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဆရာ/ဆရာများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြပြီး၊ ပင်လောင်းမြို့နှင့်အနီးဝန်းကျင်ရှိ ပြည်သူ (၅၃၆) ဦး‌ ကျန်းမာရေးစောင့်ရှောက်မှုခံယူခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်