လဲချား သြဂုတ် ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ အခြေခံပညာမူလတန်းလွန်ကျောင်း (ဟိုရင်) တွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးက ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတတိုးပွားစေစေရန်အတွက် ရည်ရွယ်၍ အခြေခံပညာကျောင်းများကို အလှည့်ကျစနစ်ဖြင့် ယခုလိုပြပွဲများ၊ ပြိုင်ပွဲများ၊ ဟောပြောပွဲများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဟောပြောခဲ့ပါသည်။
ဆက်လက်၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ မူးယစ်အန္တာရာယ်အသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူ အင်အား (၉၃) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)