ဘုတ်ပြင်းခရိုင်အဆင့်အခြေခံပညာကျောင်းပေါင်းစုံ ကဗျာလွတ်အကပြိုင်ပွဲ ဆုချီးမြှင့် 

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်အဆင့်အခြေခံပညာကျောင်းပေါင်းစုံ ကဗျာလွတ်အက ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဩဂုတ် ၁၃ ရက် က ဘုတ်ပြင်းမြို့ အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပသည်။

တမူးမြို့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မြဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

World Youth Skills Day 2025 အထိမ်းအမှတ် ကျောင်းသားကျောင်းသူများ၏ လက်တွေ့ကျွမ်းကျင်မှုစွမ်းရည် ပြိုင်ပွဲများ နှင့် တီထွင်ဆန်းသစ်မှုစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင် ကောလိပ်(ဘယ်လင်း)တွင် World Youth Skills Day 2025 အထိမ်းအမှတ်အဖြစ် ကျောင်းသားကျောင်းသူများ၏ လက်တွေ့ကျွမ်းကျင်မှုစွမ်းရည် ပြိုင်ပွဲများနှင့် Innovation Project ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဩဂုတ်၁၃ရက် နံနက်ပိုင်းက ကျင်းပသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင် IOM အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူး Mr.Iori KATO အား လက်ခံတွေ့ဆုံ

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည်  အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM)၏  အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr.Iori KATO အား ဩဂုတ် ၁၃ ရက် မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တနင်္သာရီတိုင်းဒေသကြီး  လူမှုရေးရာဝန်ကြီး ဖူဆယ်အားကစားအဖွဲ့အားတွေ့ဆုံ

တနင်္သာရီတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင်သည်တိုင်းဒေသကြီးဖူဆယ်အားကစားအဖွဲ့နှင့် တွေ့ဆုံပွဲကို ယနေမွန်းလွဲ ၂ နာရီက ထားဝယ်မြို့ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ရေကြီးရေလျှံမှုဖြစ်စဉ်များကြောင့် ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေး‌ ဆောင်ရွက်မှုကွင်းဆင်းစစ်ဆေး

ကရင်ပြည်နယ် ဘားအံမြို့တွင်  ရေကြီးရေလျှံမှုဖြစ်စဉ်များကြောင့် ဘားအံမြို့ အမှတ်(၈) ရပ်ကွက်တွင် သံလွင်မြစ်ကမ်းပါး အလျား ပေ၂၉၀၀ ခန့် ပြိုကျမှုဖြစ်ပွားခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဩဂုတ် ၁၃ ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

သာစည်မြို့နယ် အခြေခံသမဝါယမအသင်းသားတောင်သူများ မိုးကြိုဝါ ၁၃၇ ဧက စိုက်ပျိုးထား

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ အခြေခံသမဝါယမအသင်း သုံးသင်းမှ အသင်းသား တောင်သူ ၄၃ ဦးကမိုးကြိုဝါမျိုး RAKA-666 နှင့် TBL-195 တို့ကို ၁၃၇ ဧကစိုက်ပျိုးထားရာ မိုးကြိုဝါစိုက်ခင်းအခြေအနေများနှင့်ဝါဆွတ်ခူးနေမှုအခြေအနေများအား ဩဂုတ် ၁၃ ရက်နံနက်က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေးကာ ဈေးကွက်ချိတ်ဆက်မှုများ ဆောင်ရွက်ပေးသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

“လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးဖို့ ကျောင်းကျန်းမာရေးမြှင့်တင်စို့” စသည့် ဆောင်ပုဒ်နှင့်အညီ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

မှော်ဘီမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် ငွေကျပ်ခြောက်သောင်းနှုန်း ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်အတွင်းသို့ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား တစ်ဦးလျှင် တစ်လငွေကျပ်နှစ်သောင်းနှုန်းဖြင့် ဧပြီ၊ မေ၊ ဇွန်တို့အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ဩဂုတ် ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျေးရွာအုပ်စုများမှ ယာယီနေရပ်စွန့်ခွာပြည်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

မအူပင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့်ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူင်ခရိုင်၊ မအူပင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး၊ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသခံပြည်သူများ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားလာစေရေး ကျေးရွာစာကြည့်တိုက်များအား ယနေ့နံနက်ပိုင်းက မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to