ဒဂုံမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre တွင် စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre တွင် ဒေါက်တာကျော်စိန် ၎င်းရေးသားသော "လူငယ်လမ်းညွန်" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် (၁) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကောင်စီဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား၊ အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဘောလုံးကွင်းတွင် ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အမရပူရမြို့နယ်၌ မီးလောင်မှုဖြစ်ပွား

အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ကျန်တန်းရပ်ကွက်၊ တိုးချဲ့(၂)ရပ်တွင် ထရံကာသွပ်မိုး (၂) ထပ်အိမ်မှ အတွင်းမိန်းခုန်ဝါရာရှော့ဖြစ်၍ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အထူးကုဆရာဝန်ကြီးများအဖွဲ့ ရွှေပြည်သာမြို့နယ်ရှိ ပြည်သူများအား နယ်လှည့်ကွင်းဆင်းဆေးကုသ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာန အရှေ့ပိုင်းဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးပါဝင်သော နယ်လှည့်ကုသရေးအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းတွင် ရွှေပြည်သာမြို့နယ် ပြည်သူ့ဆေးရုံ၌ ရပ်ကွက်/ကျေးရွာနေပြည်သူများအား ကျန်းမာရေးဆေးကုသဆောင်ရွက်ပေးကြောင်း သိရသည်။

ညောင်ရွှေမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိညာပေးဟောပြောပွဲ ပြုလုပ်

ကျောင်းသားလူငယ်လေးများ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်မြတ်နိုးတတ်စေရန်နှင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ်စေရန်အတွက် တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကဆောင်ရွက်သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ရှမ်းပြည်နယ် ညောင်ရွှေမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ပုလဲခန်းမ၌ ပြုလုပ်ခဲ့သည်။

ကြံခင်းမြို့နယ်ရုံး လူထုအ​ခြေပြုဗဟိုဌာန၌ မြန်မာစကားပြေ ရေးသားနည်းသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ မြန်မာစကားပြေ ဝေါဟာရများကို အခြေခံမှစ၍ သိရှိနိုင်စေရန်အတွက် ယနေ့နံနက်ပိုင်းက မြန်မာစကားပြေရေးသားနည်း သင်တန်းဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်၌ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက် (၉)နာရီအချိန်က စေတုတ္တရာမြို့နယ် အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းဆတ်မြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ တွေ့ဆုံမိတ်ဆက်ခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၂၅ ခုနှစ်အတွင်း ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်များဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် တာဝန်ပေးအပ်ခြင်းခံရသည့် အများယုံကြည်လေးစားခြင်းခံရသော ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာအဖွဲ့ဝင်များ တွေ့ဆုံမိတ်ဆက်ခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လှိုင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟော ပြောပွဲနံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ‌စောင်ပြပွဲ၊ စာအုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့‌ကြောင်း သိရသည်။

တောင်သာမြို့ မင်းစုအခြေခံပညာအထက်တန်းကျောင်း၌ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်ပြဘုတ်များပြသ

တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်ပြဘုတ်များကို ယနေ့ နံနက် (၁၀) နာရီက မင်းစုအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Subscribe to