မြို့သစ်၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ဆက်သွယ်ရေး လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

ငပုတောမြို့၌ ကျောင်းကျန်းမာရေးသတင်းပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့တွင် ကျောင်းကျန်းမာရေးသတင်းပတ် လှုပ်ရှားမှုမြို့နယ်အဆင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ စာစီစာကုံး၊ ပန်းချီနှင့်ပိုစတာပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက အ.ထ.ကငပု‌တောနဝရတ်ခန်းမ၌ ကျင်းပပြုလုပ်နေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် ကောိမတီဝင်များ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့၌ ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆွေးနွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ခရိုင်/မြို့နယ် စစ်ကြောင်းကြီး (၅)ကြောင်းကို ဦးဆောင်ပြီး ယနေ့နံနက် ၉ နာရီက မိုင်းယောင်းမြို့နယ် ဆမ်မိန်းကျေးရွာခန်းမ၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

မင်းလှမြို့၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျောင်းတွင်းအာဟာရကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းတွင်းအာဟာရကျွေးခြင်းကို ယနေ့နံနက် ၁၁ နာရီက အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း(မြောက်ရပ်ကွက်)၌ ဆောင်ရွက်ခဲ့သည်။

ရမည်းသင်းမြို့နယ်၊ အင်းကုန်းကျေးရွာ “ဘဝအလင်းစာကြည့်တိုက်”၌ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင် ပြပွဲများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ် အင်းကုန်းကျေးရွာ “ဘဝအလင်းစာကြည့်တိုက်”၌ ယမန်​‌နေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲ၊  နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်များ  ပြသပွဲကို  ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင်  မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗလမင်းထင်ခန်းမ၌ပြုလုပ်ရာ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

လှိုင်းဘွဲမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ အာဟာရရက်သတ္တပတ် လှုပ်ရှားမှု စံပြမိခင်ပြိုင်ပွဲနှင့် ချက်ပြုတ်သရုပ်ပြပွဲ အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးခန်းမ၌ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော အာဟာရရက်သတ္တပတ် လှုပ်ရှားမှု စံပြမိခင်ရွေးချယ်ပြိုင်ပွဲနှင့် အာဟာရပြည့်ဝသည့် ဟင်းများ ချက်ပြုတ်သရုပ်ပြပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ် ရုံးပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်များ ပုံမှန်ငှားရမ်းပေး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင် ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်အတွက် သုတရသစာအုပ်စာစောင်များကို ရုံးဖွင့်ရက်တိုင်း နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ပုံမှန်ငှားရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ငါန်းဇွန်မြို့ အမှတ်(၂) ရပ်ကွက်အတွင်း ကျောက်ရိုးစီရေမြောင်းလုပ်ငန်းဆောင်ရွက်မှုအား ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့၌ ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်လျက်ရှိသည့် အမှတ်(၂) ရပ်ကွက်အတွင်းရှိ ကျောက်ရိုးစီရေမြောင်းလုပ်ငန်းအတွက် ကျောက်စုဆောင်းထားရှိမှုအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်းက ယနေ့ နံနက် ၁၀ နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်၌ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာမွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဆီဆိုင်မြိုနယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာ‌ရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း “လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေးဆောင်ရွက်မည့်လုပ်ငန်း” မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာမွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to