မောက်မယ်မြို့နယ်၌ တင်ဒါအောင်ကုမ္ပဏီများနှင့် လုပ်ငန်းမိတ်ဆက်ရှင်းလင်းပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုး ရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်နိုင်ရန်အတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မောက်မယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု/ ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအား တင်ဒါအောင်မြင်ခဲ့သည့်ကုမ္ပဏီများမှ မိမိတို့လုပ်ငန်းနှင့်ပတ်သက်၍ ဆောင်ရွက်မည့်အစီအစဉ်အား မိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မောက်မယ်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံလူငယ်လူရွယ် ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နေ့လယ် ၂ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိရေး ဖျောက်ဆိပ်ကျေးရွာအဝင်လမ်းအား ကွန်ကရစ်ခင်းပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မြိုပြနှင့်ကျေးလက်ကွာဟမှု မရှိစေရေး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဖျောက်ဆိပ် ပင်ကျေးရွာ အဝင်လမ်းအား ကွန်ကရစ်လမ်းအဖြင့် အဆင့်မြှင့်တင်ပေးလျက်ရှိရာ (၂၅) ရာခိုင်နှုန်း ပြီးစီပြီဖြစ်ကြောင်း သိရသည်။

ပုံပါကျင်မြို့၌ ရပ်ကွက်နေပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့၌ ရပ်ကွက်၊ ကျေးရွာနေ ဒေသခံတိုင်းရင်းသားပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရှိရာ ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က ပုံပါကျင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမဆောင်၌  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခြေခံပညာအထက်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)တွင် နယ်လှည့်မိုလ်ဘိုင်း ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်) တွင် လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နယ်လှည့်မိုလ်ဘိုင်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ် ဒက္ခိဏသီရိမြို့နယ်အတွင်း သဘာဝမြေဆွေးပြုလုပ်နေမှု ကွင်းဆင်း

နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည် ယမန်နေ့က ဒက္ခိဏသီရိမြို့နယ်စိုက်ကြပ်ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒက္ခိဏသီရိမြိုု့နယ်အတွင်း သဘာဝမြေဆွေး ပြုလုပ်နေမှုကိုကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၈)ရပ်ကွက်တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား(ဧပြီ၊ မေ၊ ဇွန်)အတွက် တစ်ဦးလျှင် ကျပ်(၆၀၀၀၀)နှုန်းဖြင့် ကွင်းဆင်းထုတ်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား(ဧပြီ၊ မေ၊ ဇွန်)အတွက် တစ်ဦးလျှင် ကျပ်(၆၀၀၀၀)နှုန်းဖြင့် ကွင်းဆင်းထုတ်ပေးခြင်းကို သြဂုတ် ၁၁ ရက်နေ့ နံနက်(၈)နာရီ၌ အမှတ်(၈)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ထုတ်ပေးလျက်ရှိသည်။

စလင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါး(၄၇၇၁၅)ဧက လျာထားပြီး (၃၆၀၀၉)ဧကစိုက်ပျိုးပြီးစီး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြိုနယ်အတွင်းရှိ ဒေသခံတောင်သူများ လယ်ယာစိုက်ပျိုးရေးကို အဓိကအားထားစိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် စပါးမျိုးကောင်းမျိုးသန့်များ ထွက်ရှိစေရန်နှင့် စားနပ်ရိက္ခာ ဆန်စပါးဖူလုံစေရန် ရည်ရွယ်၍ ယခုနှစ်တွင် မိုးစပါး(၄၇၇၁၅)ဧကအားလျာထားခဲ့ရာ ယနေ့သြဂုတ်လ(၁၃)ရက်နေ့အထိ မိုးစပါး(၃၆၀၀၉)ဧကကို စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သရက်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး လူထုလှုပ်ရှားမှုအသွင်ဖြင့် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို လူထုလှုပ်ရှားမှုအသွင်ဖြင့် အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ သရက်မြို့တွင် ယမန်နေ့နံနက် (၉) နာရီအချိန်ကစတင်၍ ရပ်ကွက် (၈) ရပ်ကွက်နှင့်အခြေခံပညာကျောင်းများ၊ ကျေးရွာ (၆၅) ရွာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကာလိမြို့တွင် mobile library စနစ်ဖြင့် စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက (Mobile Library) စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့ ညနေက အ.လ.က(ခွဲ)ကျိုင်းလွန်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to