မန္တလေး တိုင်းရင်းဆေးတက္ကသိုလ် (၄)ထပ်ဆောင် အဆောက်အဦ တည်ဆောက်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မန္တလေး တိုင်းရင်းဆေး တက္ကသိုလ်တွင် စာကြည့်တိုက်၊ ပြတိုက်၊ သုတေသနလုပ်ငန်းများ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်စေရေးအတွက် (၄)ထပ်ဆောင် အဆောက်အဦ အသစ်တစ်လုံး တည်ဆောက်ရန် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်၉နာရီက တိုင်းရင်းဆေးတက္ကသိုလ်ဝင်း အတွင်းရှိ သတ်မှတ်နေရာ၌ ကျင်းပသည်။