ရေစကြို မတ် ၂၀
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်းကျေးရွာ ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နွယ်နီကျွန်းကျေးရွာတွင် ကမ်းပြိုဘေးသင့်ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၆ လုံး အိမ်ထောင်စု ၁၀ စု လူဦးရေ ၃၃ ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ကျပ် ၆၀၀၀၀၀/- နှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ ကျပ် ၆၉၃၀၀/- စုစုပေါင်းကျပ် ၆၆၉၃၀၀/- အား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ နွယ်နီကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရှိရသည်။
နွယ်နွယ်အောင်