မူဆယ်မြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အထောက်အကူပြုပစ္စည်းများ ဆက်လက်ပေးအပ်ထောက်ပံ့
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်ပရဟိတအသင်းအဖွဲ့များကို ကြိုတင်ကာကွယ်ရေးအတွက် အထောက်အကူပြုပစ္စည်းများကို ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ စဉ်ဆက်မပြတ် ပေးအပ်ထောက်ပံ့လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ခရိုင်စုပေါင်းရုံး၌ နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်ဗူးများနှင့် အဖျားတိုင်း သာမိုမီတာများ ထပ်မံပေးအပ် ထောက်ပံ့သည်။