ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်အတွင်း ပြည်သူများ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးနှင့် ရောဂါကြိုတင်ကာကွယ်ခြင်းနည်းလမ်းများ၊ ရောဂါ ကူးစက်နိုင်ခြေရှိသည့်နည်းလမ်းများ၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ ပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဝေငှပေးခြင်းကို ယနေ့ နံနက်(၉)နာရီက လှည်းကူး-ဒါးပိန်လမ်းမ မြို့နယ်စည်ပင်သာယာရေး ကော်မတီ အဖွဲ့ရုံး ရှေ့တွင် အသိပညာပေးလုပ်ငန်းများအား ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။