ကျိုက်လတ် မတ် ၂၀
လူဦးရေစာရင်းအချက်အလက်များ ကောက်ယူပြုစုခြင်း အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်နှင့် စပ်လျဉ်းသည့် အချက်အလက်များကို ကျိုက်လတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပေးပို့နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်(၃) နာရီက ကျိုက်လတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး ဦးသိန်းမော်က အစည်းအဝေး ပြုလုပ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူဦးရေစာရင်းအချက်အလက်များ ကောက်ယူပြုစုခြင်း အခြေခံမဲ ဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်နှင့်စပ်လျဉ်းသည့် အချက်အလက်များကို တက်ရောက်လာသည့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ရီရီမြင့် (ပြန်/ဆက်)