ကျွန်းလှမြို့နယ်၌ တစ်ပိုင်တစ်နိုင် ခဝဲသီးနှံစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံကို ချောင်းရေ၊ မြောင်းရေနှင့် မြေအောက်ရေတင်ပြီး ရာသီအလိုက်စိုက်ပျိုးကြရာ ယခုနှစ်မိုးရာသီ တစ်ပိုင်တစ်နိုင် ခဝဲသီးနှံစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

တမူးမြို့တွင် မှုခင်းပိုင်းဆိုင်ရာ မူးယစ်ဆေးဝါး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် မှုခင်းပိုင်းဆိုင်ရာ မူးယစ်ဆေးဝါး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းကဘော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေဦးမြို့ အ.ထ.က(၁)တွင် မျိုးဆက်ပွားကျန်းမာရေးနှင့် ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်ခြင်း၏ အကျိုးဆက်များ အသိပညာပေးဟောပြောပွဲကျင်းပ

အမျိုးသမီးများ မျိုးဆက်ပွားကျန်းမာရေးနှင့် ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်ခြင်း၏အကျိုးဆက်များအကြောင်းသိရှိပြီး ကျန်းမာရေးနှင့်အညီ နေထိုင်ဆောင်ရွက်တတ်စေရန် ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်  မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ ၁ နာရီက ရေဦးမြို့ အ.ထ.က(၁) ပညာရတနာခန်းမတွင်မျိုးဆက်ပွားကျန်းမာရေးနှင့် ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်း၏ အကျိုးဆက်များ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့အား ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး မန်ခိန်ရပ်ကွက်အတွင်း ရေလျှံတားကျောက်စီမြေထိန်းနံရံနှင့် တမံတည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့အား နှစ်စဉ်မိုးရာသီရောက်တိုင်း ဧရာဝတီမြစ်ရေကြီးမြင့်မှုကြောင့် ပြည်သူများ စည်းစိမ်ဥစ္စာ နစ်နာဆုံးရှုံးမှုမရှိစေ‌ရေး၊ မြစ်ရေအမြင့်ဆုံးမြင့် တက်လာနိုင်မှုမှ ကာကွယ်နိုင်ရေး ယခုဘဏ္ဍာနှစ်စတင်၍ ရေလျှံတားမြေထိန်းနံရံလုပ်ငန်းများ၊ ရေထိန်းတံခါးများကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ မွန်းလွဲ ၂ နာရီက တာဝန်ရှိသူများနှင့်အတူ ဗလမင်းထင်တံတားအထက်ပိုင်း၊ မန်ခိန်ရပ်ကွက်အတွင်း ရေလျှံ တားကျောက်စီမြေထိန်းနံရံနှင့် တမံ တည်ဆောက်နေမှုများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

မော်လိုက်မြို့၌ ဆိုလာလမ်းမီးအလှူရှင်များအား ဂုဏ်ပြုပေးအပ်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်။ မော်လိုက်မြို့၌  အများပြည်သူများဘေးကင်းလုံခြုံ စွာသွားလာနိုင်ရေးနှင့် မြို့သာယာလှပစေရေး ဆိုလာလမ်းမီးတပ်ဆင်ခြင်းအတွက် ဆိုလာလမ်းမီး အလှူရှင်များအား ဂုဏ်ပြုပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများနှင့် ဆိုလာလမ်းမီးအလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

အခြားတိုင်းဒေသကြီးများနှင့်မြို့နယ်များမှ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်သို့ ယာယီနေရပ်စွန့်ခွာရောက်ရှိနေသည့် ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို သြဂုတ်လ ၁၈ ရက် မွန်းလွဲ ၁ နာရီက ဟားခါးမြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် ယာယီနေရပ် စွန့်ခွာပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်နှင့် မြန်မာအီလက် ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြပွဲတက်ရောက်၊ မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို ကျင်းပရာ နေပြည်တော် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စာပေပညာရှင်များနှင့် အကဲဖြတ်ဒိုင်များ၊ အလှူရှင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ကမာရွတ်မြို့နယ်တွင် ကျောင်းကျန်းမာရေးလုပ်ငန်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကျောင်းကျန်းမာရေးအတွက် ကျန်းမာရေးဦးစီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီးဦးဆောင်၍ သွားကျန်းမာ၊ ကျန်းမာရေးဝန်ထမ်းမျာက အမှတ်(၂)အခြေခံပညာအလယ်ကျောင်း၌ ယမန်နေ့နံနက်ပိုင်းအချိန်က ကျောင်းသား/သူများကို ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် သွားတိုက်ပြီးနောက် လိုက်နာရမည့် After tooth brushing လေ့ ကျင့်ခွင့်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည် ။

အလုံမြို့နယ် Community Centre ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြော‌ပွဲကျင်းပ

အလုံမြို့နယ် Community Centre ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အ‌ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ကျုံပျော်မြို့နယ်၌ သဘာ၀‌‌မြေသြဇာ(စူပါဘိုကာရှီ) လက်တွေ့ပြုလုပ်သုံးစွဲခြင်း တောင်သူပညာပေးပွဲပြုလုပ်

၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီတွင် စပါးခွံကိုအသုံးပြု၍ သဘာဝမြေဩဇာ(စူပါဘိုကာရှီ) လက်တွေ့ပြုလုပ်သုံးစွဲခြင်း တောင်သူပညာပေးအခမ်းအနားကိုဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် မန်းစက္ကူကျေးရွာအုပ်စုရှိ တောင်သူဦးမောင်မြင့်၏ လယ်မြေအတွင်း၌ ယမန်နေ့နံနက် ၈ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။
Subscribe to