မဟာအောင်မြေမြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပ

‎‎မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ဩဂုတ် ၂၀ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပြည်ကြီးမဏ္ဍိုင်မြို့ အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့က အခြေခံပညာအလယ်တန်းကျောင်း(ပြည်ကြီးမဏ္ဍိုင်)ခန်းမတွင်  ကျင်းပပြုလုပ်ခဲ့သည်။

ငပုတောမြို့နယ်ပညာရေးမှူးရုံး၌ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ပညာရေးမှူးရုံးအစည်းအဝေးခန်းမ၌ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကပြုလုပ်ရာ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်မိုးမိုးအေးနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ကြီးနှင့်ဆရာ၊ ဆရာမများ၊ မိဘဆရာအသင်း ကျောင်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြန်အောင်ရေနံမြေ၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊မြန်အောင်မြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာ့အီလက်ထရောနှစ်မဲပေးစက် (MEVM) နှင့်ပတ်သက်၍ သိရှိစေရန် မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းများကိုဆောင်ရွက်လျက်ရှိရာ ယမန်နေ့ကမြန်အောင်ရေနံမြေ လုပ်သားခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ကရသူရိမြို့၊ ဘုန်းတော်ကြီးကျောင်း၌ ဌာနဆိုင်ရာဝန်ထမ်းများ လုပ်အားဒါနဖြင့် ကွန်ကရစ်လမ်းခင်း

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၊ မြို့ဦးဘုန်းတော်ကြီးကျောင်းရှိ ကျောင်းအဝင်အတက်လမ်းအား ကွန်ကရစ်လမ်းခင်းကျင်းခြင်းကို ယမန်နေ့က မြို့အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စုပေါင်းလုပ်အားဒါနဖြင့် အပြီးအစီး ခင်းကျင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိတ္ထီလာတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ သုတေသနပြပွဲနှင့် ပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ သုတေသနပြပွဲနှင့် ပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါတက္ကသိုလ် ဝန်ဇင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကရသူရိမြို့၌ ပလတ်စတစ်ညစ်ညမ်းမှုကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်ဘုတ်များပြသဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌  ကျောင်းသား၊ ကျောင်းသူများအား ပလတ်စတစ် ညစ်ညမ်းမှုကာကွယ်ရေး အသိ ပညာပေးဟောပြောခြင်းနှင့် နံရံကပ်ဘုတ်များပြသဆောင်ရွက်

မူဆယ်မြို့တွင် ကျောင်းသားလူငယ်များအား အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ကျောင်းသားလူငယ်များအား အသိပညာပေး ဟောပြောပွဲကို အ.လ.က(၁)ကျောင်းနှင့် အမှတ်(၃)မူလတန်းလွန်ကျောင်းများတွင် ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သီးနှံမျိုးစုံ (၃၀၀၅) ဧက အချိန်နှင့်တစ်ပြေးညီ ရေပြည့်ဝစွာပေးဝေနိုင်ရေး ထုံးကြီးဆည်အထွက် ရေသွင်းတံခါးအောက် ဝဲ/ယာရှိ ကျောက်ဆလံများအား ပြန်လည်ပြုပြင်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်သည် ဆည်၊ မြောင်း၊ ချောင်း၊ ကန် ပေါများပြီး စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ဆည်ရေကို အဓိကထားအသုံးပြုလျက်ရှိပြီး တောင်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြစ်ချောင်းများ ရေလျှံမှုမှကာကွယ်နိုင်ရေး၊ ရေစီးရေလာကောင်းမွန်စွာဖြင့် စိုက်ပျိုးရေများ လုံလောက်စွာ ပေးဝေနိုင်ရေး၊ ဘဏ္ဍာနှစ်အလိုက် ဆည်များ၊ မြောင်းများအား ပြန်လည်ပြုပြင်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် သီးနှံမျိုးစုံ (၃၀၀၅)ဧက အချိန်နှင့်တစ်ပြေးညီ စိုက်ပျိုးရေပြည့်ဝစွာပေးဝေးနိုင်ရေး ထုံးကြီးဆည်အထွက် ရေသွင်းတံခါး အောက်ဝဲ/ယာရှိ ကျောက်ဆလံများအား  ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။

ကျိုက်လတ်၌ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့်ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ရုံးဒေါင့်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နေ့လယ်ပိုင်းက ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Subscribe to