အလုံမြို့နယ် Community Centre ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြော‌ပွဲကျင်းပ

အလုံ ဩဂုတ် ၂၀

အလုံမြို့နယ် Community Centre ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အ‌ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန်က အဖွင့်အမှာစကားနှင့် ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ် ချက်များကိုပြောကြားခဲ့ပြီး Book Club အဖွဲ့၀င် တရားလွှတ်‌‌တော်ရှေ့နေ ဦးသန့်စင်နိုင်က လူငယ်‌တွေဘာ‌ကြောင့် စာဖတ်သင့်လည်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ Women Club ဥက္ကဋ္ဌ ဒေါ်မြတ်စိုးထိုက်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်များလည်းကောင်း ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ကျန်းမာရေးအသိပညာပေး၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

အဆိုပါဟောပြောပွဲသို့ အမှတ်(၆)၊ (၇)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ Book Club အဖွဲ့၀င်များ၊ Woman Club အဖွဲ့၀င်များ စုစုပေါင်း ၄၅ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ယောဧရာ (ပြန်/ဆက်)