ကွန်ဟိန်းမြို့၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ပြည်သူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်နှင့် အသိပညာဗဟုသုတများတိုးတက်လာစေရန်အတွက် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ အခြေခံကွန်ပျူတာသင်တန်း၊ Bakery & Snack အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်း၊ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှုသင်တန်းအမှတ်စဥ် (၂/၂၀၂၅) သင်တန်းများဖွင့်လှစ်

ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေဖြင့် အခြေခံကွန်ပျူတာ သင်တန်းအမှတ်စဥ် (၂/၂၀၂၅)၊ Bakery & Snack အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဥ်(၂/၂၀၂၅)နှင့် လူသုံးကုန် ပစ္စည်းများထုတ်လုပ်မှု သင်တန်းအမှတ်စဥ် (၂/၂၀၂၅) သင်တန်းများဖွင့်ပွဲကို ယမန်နေ့ နံနက် (၉) နာရီက တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ ပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

စကုမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တောင်ရပ်ကျောင်း၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တောင်ရပ်ကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်  ကျောင်းကောင်စီဥက္ကဋ္ဌဖလား ကျောင်းသားလူငယ် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီက စကုမြို့အားကစားကွင်း၌ ကျင်းပသည်။

ကျောက်တံတားမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့နေ့လယ်(၁၂)နာရီအချိန်က အမှတ်(၂)ရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။

ရွှေတိဂုံစေတီတော်သို့ ဇူလိုင်လအတွင်း ပြည်တွင်းပြည်ပဘုရားဖူးဧည့်သည် (၆) သိန်းဝန်းကျင် လာရောက်ဖူးမြော်

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ ဇူလိုင်လအတွင်း ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည် (၆) သိန်းဝန်းကျင် လာရောက်ဖူးမြော်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ သိရသည်။

ကျွန်းလှမြို့နယ်၌ တစ်ပိုင်တစ်နိုင် ခဝဲသီးနှံစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံကို ချောင်းရေ၊ မြောင်းရေနှင့် မြေအောက်ရေတင်ပြီး ရာသီအလိုက်စိုက်ပျိုးကြရာ ယခုနှစ်မိုးရာသီ တစ်ပိုင်တစ်နိုင် ခဝဲသီးနှံစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတတိုးပွားစေရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ နံနက် ၁၁ နာရီအချိန်တွင် အမှတ်(၁)၊ အခြေခံပညာအလယ်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဖြင့် စာအုပ်စာစောင်များကို ငှါးရမ်းပေးခဲ့သည်။

ရွှေကြို့မြေဘိုးဘွားရိပ်သာမှဘိုးဘွားများအား UID(Smart Card)များ ကွင်းဆင်းဆောင်ရွက်‌ပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ရွှေကြို့မြေဘိုးဘွားရိပ်သာရှိဘိုးဘွားများအား Biometric Data ကောက် ယူ၍ UID(Smart Card)များကွင်းဆင်းဆောင်ရွက်‌ပေးခြင်းကို ဩဂုတ်လ ၁၉ ရက်နေ့ကပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးအောင်ကျော်ဇေယျမှ အားပေးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်နှင့်စဉ့်ကိုင်မြို့နယ်၌ စားအုန်းဆီတစ်ပိဿာ(၇၃၈၅)ကျပ်ဖြင့် (၅၆၂)ပိဿာ ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် အသင်းဝင် စားအုန်းဆီရောင်းဝယ်ရေးဆိုင်များမှ ပြည်သူများ စားနပ်ရိက္ခာဖူလုံရေး အထောက်အကူဖြစ်စေရန်ရည်ရွယ်ပြီး ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်းသိရပြီး ယမန်နေ့က ကျောက်ဆည် မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်၌ စားအုန်ဆီတစ်ပိဿာငွေ(၇၃၈၅)ကျပ်ဖြင့် စားအုန်းဆီ(၅၆၂)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဒက္ခိဏသီရိမြို့နယ်၌ မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်း ဆောင်ရွက်မှု အခမ်းအနားကျင်းပ

မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်းဆောင်ရွက်မှု အခမ်းအနား ယ‌မန်နေ့က ပြည်ထောင်စုနယ်၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရွှေအင်ကြင်းရပ်ကွက်ရှိ ရပ်ကွက်ဓမ္မာရုံတွင်ကျင်းပရာ ဒက္ခိဏသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးမင်းထက်အောင်နှင့် တာဝန်ရှိသူများ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကြည်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးညီညီလွင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်သည်။
Subscribe to