ကမာရွတ်မြို့နယ်တွင် ကျောင်းကျန်းမာရေးလုပ်ငန်းများဆောင်ရွက်

ရန်ကုန် ဩဂုတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကျောင်းကျန်းမာရေးအတွက် ကျန်းမာရေးဦးစီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီးဦးဆောင်၍ သွားကျန်းမာ၊ ကျန်းမာရေးဝန်ထမ်းမျာက အမှတ်(၂)အခြေခံပညာအလယ်ကျောင်း၌ ယမန်နေ့နံနက်ပိုင်းအချိန်က ကျောင်းသား/သူများကို ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် သွားတိုက်ပြီးနောက် လိုက်နာရမည့် After tooth brushing လေ့ ကျင့်ခွင့်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည် ။

အဆိုပါလုပ်ငန်းများသည် ကျောင်းသား/သူများအား သွားကျန်းမာရေးအပါအဝင် အခြေခံကျန်းမာရေးအပေါ်စိတ်ဝင်စားမှုပိုမိုရရှိစေရန်ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

ထို့အပြင် ကျောင်းသား/သူများစိတ်ဝင်စားလွယ်စေရန်နှင့် အလွယ်တကူနားလည်စေရန် ကျန်းမာရေးပညာဆိုင်ရာကဗျာများကိုလည်း သင် ကြားပေးခဲ့ကြပြီး သန့်လေးသန့်၊ သွေးလွန်တုပ်ကွေးကဲ့သို့သောရောဂါများအပေါ်သတိထားသင့်ကြောင်း ကဗျာအသံဖြင့်ရွတ်ဆိုပေးခြင်းဖြင့် ကျောင်းသား/သူများ ကျန်းမာရေးပညာရပ်များကို ပိုမိုနက်နဲစွာသိမြင်နိုင်ခဲ့ကြသည်။

ထို့နောက် ကျောင်းသား/သူများ၏ တစ်ကိုယ်ရေသန့်ရှင်းမှုကိုစစ်ဆေးပေးခဲ့ပြီး သန့်ရှင်းစွာနေထိုင်ရမည့်အကျင့်စာရိတ္တများကိုလိုက်နာသင့်ကြောင်းညွှန်ကြားပေးခဲ့ပြီး ထိုကဲ့သို့ဆောင်ရွက်ခြင်းများအားဖြင့် ကျောင်းသား/သူများသန်စွမ်းကျန်းမာပြီး သန့်ရှင်းစွာနေထိုင်နိုင်ရန်အတွက်အခြေခံကျန်းမာရေးပညာများတိုးတက်စေရန် အထောက်အကူဖြစ်လာစေမည်ဟုသိရသည်။

စိမ်းလဲ့(ပြန်/ဆက်)