ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ရေကြည်မြို့နယ်၊ သရက်ပင်လှကျေးရွာ စံနီကမ်းနား တံတားဖွင့်ပွဲအခမ်းအနား တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ သရက်ပင်လှကျေးရွာရှိ မတည်အလှူရှင်နှင့် ဒေသခံပြည်သူလူထုတို့ ပူးပေါင်း၍ ကိုယ်ထူကိုယ်ထဖြင့် တံတားအရှည် ပေ(၃၂၀)၊ အကျယ်(၁၀)ပေ စံနီကမ်းနား သစ်သားတံတားအသစ် ပြန်လည်တည်ဆောက်ခြင်း တံတားဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတံတား၏ မုခ်ဦးရှေ့တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။