လားရှိုးမြို့တွင် သီးထပ်စိုက်ပျိုးနိုင်ရေး နေကြာမျိုးစေ့များ အခမဲ့ပေးအပ်ခြင်းနှင့် မိုးစပါးစံကွက် ရိတ်သိမ်းပွဲကျင်းပ
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)က ကြီးမှူး၍ စိုက်ပျိုးရေးဦးစီးဌာနမှ သီးထပ်စိုက်ပျိုးနိုင်ရေး နေကြာမျိုးစေ့များ အခမဲ့ပေးအပ်ခြင်းနှင့် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် (၉) နာရီခွဲက ဟူးမွန်ကျေးရွာ ရေပူကွင်း၌ ဆောင်ရွက်ခဲ့သည်။