ကျွန်းစုမြို့တွင် အခွင့်အရေးလိုင်စင်များ စမ်းသပ် လေလံချထားပေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီက အခွင့်အရေးလိုင်စင်များ စမ်းသပ် လေလံချထားပေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်စည်ပင်သာယာရေး ကော်မတီရုံး ခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။