ခန္တီး-ဟုမ္မလင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဂိတ်တွင် နှာခေါင်းစည်းနှင့် အလှူငွေ ထောက်ပံ့

ခန္တီး      ဇန်နဝါရီ      ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီး- ဟုမ္မလင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဂိတ်တွင် နှာခေါင်းစည်း (၂၀၀) ခုနှင့် အလှူငွေ ၅၀၀၀၀ ကျပ်ကို ယနေ့တွင် ထောက်ပံ့ခဲ့ကြောင်း သိရ သည်။

မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်က နှာခေါင်းစည်း ၂၀၀ ခုနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ရဲမင်းဇော်က ငွေကျပ် ၅၀၀၀၀ ထောက်ပံ့ခြင်းဖြစ်ပြီး ခန္တီး-ဟုမ္မလင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဂိတ်၌ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအတွက် ထောက်ပံ့ခြင်း ဖြစ်​ကြောင်း သိရ သည်။

စနေမောင်မောင်(ခန္တီး)