ခန္တီး ဇန်နဝါရီ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်း သား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဏာရေးနှစ်တွင် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများအား ယနေ့နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးခဲ့သည့်လုပ်ငန်းများမှာ ခွင့်ပြုငွေကျပ် ၉၇ ဒသမ ၄၀၀ သန်းဖြင့် ဆောင်ရွက် နေသည့် တောင်တန်းသာသနာပြု မယ်သီလရှင်ကျောင်း ပေ ၆၀၊ ၃၀ပေ RC နှစ်ထပ်၊ ၁၁၆ ဒသမ ၀၀၀ သန်းဖြင့်ဆောင်ရွက်နေ သည့် ပေ ၃၀၀၀ ကျောက်ရိုးစီရေဆိုးထုတ်မြောင်း၊ ငွေကျပ် ၆၈ ဒသမ ၆၃၀ သန်းဖြင့်ဆောင်ရွက်နေသည့် ပေ (၁၅၀၀× ၁၂× ၁၈)ပေ၊ မြို့မရပ်ကွက် ကောင်းလိုက်လမ်း၊ ငွေကျပ် ၂၈ ဒသမ ၂၄၀ သန်းဖြင့်ဆောင်ရွက်နေသည့် ပေ (၄၀၀×၁၈×၉)ပေ မြို့မရပ်ကွက်၊ မြို့မရပ်ကွက်၊ လယ်ဦးတန်းလမ်းနှင့် ငွေကျပ် ၂၅ ဒသမ ၂၃၀ သန်းဖြင့် ဆောင်ရွက်နေသည့် ပေ (၅၆၀×၁၂×၈) ပေ ပေါမိုင်းရပ်ကွက်၊ ယင်းမာလမ်း ဆောင်ရွက်နေ လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါလုပ်ငန်းများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်း၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်၊ နယ်စပ်ဒေသနှင့်တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ရဲမင်းဇော်နှင့် မြို့နယ်လမ်း ဦးစီးဌာန AE ဦးမြတ်လွင်တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စနေမောင်မောင်(ခန္တီး)