သံတောင်ကြီးမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်သည့် ကျေးရွာများအား ပြန်လည်သုံးသပ်ဆွေးနွေး

သံတောင်ကြီး     ဇန်နဝါရီ ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်းအား ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ် မှ ၂၀၁၉-၂၀၂၀ ခုနှစ်အထိ ဆောင်ရွက် ခဲ့သော မြစိမ်းရောင် စီမံကိန်းကျေးရွာများ၏ ပြန်လည်သုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်(၁၂) နာရီ အချိန်က သံတောင်မြို့ ၊ ပသိခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နော်ခရစ္စထွန်း ၊ သံတောင်မြို့အုပ်ချုပ်ရေး မှူးဦးနေလင်း အောင် တို့က အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမြို့နယ် ဦးစီးမှူး ဦးချမ်းငြိမ်းဝင်း က ၂၀၁၄-၂၀၁၅  ခုနှစ်  မှ   ၂၀၁၉-၂၀၂၀ ခုနှစ်အထိ မြစိမ်းရောင် စီမံကိန်းဆောင်ရွက်ခဲ့သော ကျေးရွာများ၏ အခက်အခဲ ၊ အားနည်းချက်  အားသာချက် ၊ စိန်ခေါ်မှု များအား ပြန်လည်သုံးသပ်နိုင်ရန်အတွက် ဆွေးနွေးပွဲပြုလုပ်ရခြင်း ဖြစ်ကြောင်းပြောကြားခဲ့သည်။

ထို့နောက် မြစိမ်းရောင်စီမံကိန်းဆောင်ရွက်သည့်  ကျေးရွာများအနက် ကော်ဘားခြံကျေးရွာမှ မြစိမ်းရောင် စီမံကိန်းဆောင်ရွက်ပြီး အတိုးရငွေဖြင့် ကျေးရွာမီးလင်းရေး ဆောင်ရွက်ခဲ့ပုံကို ကော်ဘား ခြံကျေးရွာ မြစိမ်းရောင်စီမံကိန်းကော်မတီအဖွဲ့ဝင်တစ်ဦး မှ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဆွေးနွေးပွဲတွင် တက်ရောက်လာသည့်  မြစိမ်းရောင်စီမံကိန်းကျေးရွာများ မှ မိမိတို့၏ လိုအပ်ချက် များကို တင်ပြဆွေးနွေးပြီး လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့အုပ်ချုပ်ရေးမှူးများကပြန်လည်ညှိနှိုင်း ဆွေးနွေး ပေးခဲ့ကြောင်းသိရသည်။                                                                                                                                                                                                                                                             မြို့နယ်(ပြန်/ဆက်)