ငွေဆောင်မြို့မစျေး၌ ကိုဗစ်−၁၉ရောဂါ ကာလအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ငွေဆောင်  ဇန်နဝါရီ  ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်မြို့၊ မြို့မစျေး၌ စျေးရောင်းချသူများနှင့် စျေးဝယ်လာသူများအား ကိုဗစ်-၁၉ရောဂါ ကာလအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ငွေဆောင်မြို့ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းဇော်ထွန်းနှင့် ဝန်ထမ်းများက မြို့မစျေးအတွင်း ဖွင့်လှစ်ရောင်းချနေမှု အခြေအနေနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေ များအား သိရှိစေရန် စျေးအတွင်း လှည့်လည် စစ်ဆေးခဲ့ကြသည်။

အဆိုပါအဖွဲ့မှ ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ စျေးသို့ လာရောက်သည့်အခါတိုင်း စျေးအဝင်ရှိ လက်ဆေးကန်များတွင် စနစ်တကျ လက်ဆေးကြရန်၊ နှာခေါင်းစည်းများ တပ်ဆင်ကြရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာမှ ရောင်းဝယ်ကြရန် နှင့် လူစုလူဝေးရှောင်ကြရန် အသိပညာပေး နှိုးဆော်ကာ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မူမူသွင်(ပြန်/ဆက်)