လှိုင်းဘွဲ ဇန်နဝါရီ ၂၁
ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်တွင် ဆောင်းသီးနှံများဖြစ်သော ပြောင်း၊ နှမ်းနှင့် နေကြာ စိုက်တောင်သူများ အနေဖြင့် အရည်အသွေးပြည့်မီသော စားသောက်ကုန်များ ရရှိနိုင်ရေးအတွက် ကွင်းဆင်း ကြည့်ရှုခြင်းကို ယမန်နေ့က စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်အဖွဲ့များက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းကြည့်ရှုရာတွင် ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသက်ဆွေ ဦးဆောင်၍ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်ခင်သန်းအေး၊ ခရိုင်မြေအသုံးချရေး တာဝန်ခံ ဒေါ်ကြည်ကြည်ဝင်း၊ ဒုတိယဦးစီးမှူး ဒေါ်မိုးမိုးအေး၊ ပြည်နယ်သီးနှံကာကွယ်ရေး လက်ထောက်ဦးစီးမှူး ဦးအောင်ထိုက်ဦး တို့က ဆောင်းသီးနှံဖြစ်သော ပြောင်း၊နှမ်းနှင့်နေကြာစိုက်ပျိုးတောင်သူ ဒေါ်လှသိန်း၊ဒေါ်ခင်နှင်းယု စိုက်ခင်းများတွင် စိုက်ပျိုးထားရှိမှုအား စိုက်ခင်းအတွင်း ပိုးမွှားကျရောက်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ ပိုးသတ်ဆေးသုံးစွဲမှု အခြေအနေ၊ ဓါတ်မြေဩဇာ ကျွေးခြင်းနှင့် အထွက်နှုန်းကောင်းမွန်ရေးအတွက် ဆောင်ရွက်ရမည့် အခြေအနေတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)