ယခုနှစ် ဘောလခဲမြို့ မိုးနှမ်းစျေးနှုန်း ကျဆင်းသဖြင့်  မိုးနှမ်းဝယ်လှောင်လက်များ အရှုံးပေါ်

ဘောလခဲ   ဇန်နဝါရီ   ၂

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင်းတွင် ယခုကာလအတွင်း  နှမ်းဈေးနှုန်း များ ကျဆင်းပြီး လက်ကားဈေး   တစ်ပိဿာလျှင်  ငွေကျပ် (၃၀၀၀) သာရှိတော့သဖြင့် နှမ်း ဈေးတက်ရန် မျှော်လင့်ပြီး လှောင်ထားသောတောင်သူများ အရှုံးပေါ်နေကြောင်း နှမ်းစိုက် တောင်သူတစ်ဦးထံမှ သိရသည်။

ကိုဗစ်-၁၉ ရောဂါကင်းစင်သွားပြီး နောက်ပိုင်းမှသာ  နှမ်းများပြည်ပဈေးကွက်က ဝယ်ပါစေ လို့ ဆုတောင်းပါတယ်ဗျာ။ အရင်က နှမ်းပြာတစ်ပိဿာ ငွေကျပ် (၃၇၀၀) စမုံနက် (၄၃၀၀) ဝန်းကျင်ရှိပေမယ့် ယခုနှမ်းဈေး အဆမတန်ကျသွားတော့  တောင်သူနဲ့ နှမ်းလှောင်ထားသူ အားလုံး  အရှုံးပေါ်တာပေါ့ဗျာ ဟု နှမ်းအဝယ်တော် ဦးရီးရယ်ကပြောသည်။  

လက်ရှိ နှမ်းဈေးကွက်မှာ ယခု ကုန်စည်ကူးသန်းရောင်းဝယ်မှုများ မရှိသလောက် လျော့နည်း သွားပြီး ဈေးကွက်အတွင်း ဝယ်လိုအား သိသာစွာကျဆင်းနေသည့် အတွက်ပုံမှန်ဈေး အောက်ထက် နှမ်းဈေးနှုန်းများ အဆမတန်ကျဆင်းနေတာ    ဖြစ်ပါတယ်ဟု နှမ်းဝယ်ကုန်သည် ဦးကိုရယ်က ပြောသည်။   

ထိုကြောင့်လာမည့်ရှေ့လတွင်း ကိုဗစ်-၁၉ရောဂါ ကင်းစင်ပြီး ပုံမှန်အရောင်းအဝယ်ဖြစ်လာဖို့ တောင်သူအချို့နှင့် ကုန်သည်အဖွဲ့များကမျော်လင့်လျက်ရှိကြောင်းသိရှိရသည်။

လှရွှေ