သုံးခွ ဇန်နဝါရီ ၂၁
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ၊ ဘဏ္ဌာရေးနှစ်၌ ကိုဗစ်-၁၉စီးပွားရေးကုစားမှုအစီအစဉ်အရ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ကျေးရွာ(၁၃)ရွာရှိ Cash For Work စီမံကိန်းလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက စံချိန် စံညွှန်းမှန်ကန်တိကျမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Cash for work လုပ်ငန်းများဖြစ်သည့် လမ်းခင်းခြင်း၊ တံတားတည်ဆောက်ခြင်း၊ ရေနုတ် မြောင်းတူးဖော်ခြင်း၊ ရေကန်ခြံစည်းရိုး ကာရံခြင်း စသည့် လုပ်ငန်းများ၏ စာရင်းဇယားများ၊ ရန်ပုံငွေသုံးစွဲမှု၊ စာရင်းရှိ အတိုင်းအတာနှင့် မြေပြင်အနေအထား အတိုင်းအတာ ကိုက်ညီမှု ရှိ/မရှိ၊ အရည်အသွေးစံချိန်စံညွှန်း မှန်ကန်တိကျမှုရှိမရှိကို မြို့နယ်စာရင်းစစ်ရုံးမှ ဦးစီး အရာရှိ ဒေါ်စုစုလှိုင်နှင့် အဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခေတ္တဦးစီးမှူး ဒေါ်နီနီအောင်နှင့် ဝန်ထမ်းများ၊ စီမံကိန်းတာဝန်ခံ အင်ဂျင်နီယာများက လုပ်ငန်းများ၏ အရည်အသွေး၊ အတိုင်းအတာများအား လက်တွေ့ တိုင်းတာ စစ်ဆေးပေးကာ စာရင်းစစ်အဖွဲ့က သိရှိလိုသည်များအားမေးမြန်းမှုကို တာဝန်ရှိသူ များက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရသည်။
စည်သူလင်း ပြန်/ဆက်