ကြံခင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကြံခင်း     ဇူလိုင်   ၂၉

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက ကြံခင်းမြို့ ဧရာဦးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းတန်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အလွှာစုံ ထိုးနှံပေးရေးအား စနစ်တကျ ဆောင်ရွက်ရန်နှင့် မြေပြင်စာရင်းကောက်ယူရာတွင် အဆင်(၁၂)ဆင့် သတ်မှတ်ကောက်ယူနိုင်ရေး၊ စာရင်းပြုစုရာတွင် ကြီးကြပ်ဆောင်ရွက်ရမည့် ဌာနဆိုင်ရာများ၏ လုပ်ငန်းများအားညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသန့်ဇင်မျိုးက ကာကွယ်ဆေးထိုးနှံရာတွင် မြေပြင်စာရင်းအား ကွင်းဆင်းကောက်ယူရမည့်အဖွဲ့များ ဖွဲ့စည်းထားခြင်းနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာဝင်းနိုင်နှင့် ကျန်းမာရေးမှူး ဦးကျော်မျိုးခိုင်တို့က ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးရမည့်အလွှာများနှင့် ပတ်သက်ပြီး အသေးစိတ်ရှင်းလင်းဆွေးနွေးပါသည်။

ထို့နောက် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌမှ လုပ်ငန်း ဆောင်ရွက်ရမည့် အချက်များနှင့် ပေါင်းစပ်လုပ်ဆောင်မှုအား နိဂုံးချုပ် ညှိနှိုင်းဆွေးနွေးပြီး အစည်းအဝေး ရုပ်သိမ်းကြောင်း သိရသည်။

အစည်းအဝေးသို့ မြို့နယ်အဆင့်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)