ချောင်းဆုံ ဇူလိုင် ၂၉
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကွမ်ရိုက်ကျေးရွာ၌ တောင်မြေပြိုကျခြင်းများဖြစ်ပေါ်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များ စည်/ပင်ဌာန၊ လမ်းဦးစီးဌာနနှင့် ဆည်/မြောင်းဦးစီးဌာနမှ တာဝန်ရှိသူများသည် မြေပြိုသည့် နေရာအား စက်ယန္တရားဖြင့် ကယ်ဆယ်ရေးရှင်းလင်းခြင်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရသည်။
အဆိုပါအဖွဲ့သည် ကယ်ဆယ်ရေးရှင်းလင်းခြင်းလုပ်ငန်းကို ချောင်းဆုံမြို့နယ်(ဆည်/မြောင်း)ဦးစီးဌာနမှ ဦးစီးမှူး ဦးခင်မောင်မောင်ဇော် ဦးဆောင်သောဝန်ထမ်းများသည် မြေပြိုထားသည့် နေရာများတွင် မြေစာများ၊သစ်ပင် သစ်ကိုင်းများအား စက်ယန္တရားဖြင့် ရှင်းလင်းဆောင်ရွက်မှုအခြေအနေ၊ ထွက်ရှိလာသည့်မြေစာများအား စနစ်တကျနှင့် စုပုံထားရှိနိုင်ရေးကို ကန်ကျောင်းဘုန်းတော်ကြီးကျောင်း ဆရာတော်နှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ကယ်ဆယ်ရေး ရှင်းလင်းခြင်းလုပ်ငန်းများ အမြန်ဆုံး ပြီးစီးဆောင်ရွက်ရန်အတွက်လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ချောင်းဆုံ(ပြန်/ဆက်)