ပျဉ်းမနား ဇူလိုင် ၂၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို လာမည့်ဩဂုတ်လ ၁ ရက်နေ့မှ စတင်ထိုးနှံပေးနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့အနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို လာမယ့် ဩဂုတ်လ ၁ ရက်နေ့မှစတင်ပြီး ထိုးနှံပေးဖို့ စီစဉ်နေပါတယ်။ ယခုလောလောဆယ်တော့ ကာကွယ်ဆေးထိုး ဖို့အတွက် ပျဉ်းမနားမြို့ အထက ၃ မှာ ကာကွယ်ဆေးထိုးနှံရေးစင်တာဖွင့်လှစ်ဆောင်ရွက်ဖို့ လျာထားတာရှိပါတယ်။ ဆေးထိုးနှံပေးမယ့်သူတွေကတော့ အသက် ၆၅ နှစ်အထက် ပုဂ္ဂိုလ်တွေ၊ နိုင်ငံ့ဝန်ထမ်းတေွ၊ သာသနာ့ဝန်ထမ်းတွေနဲ့ အများပြည်သူနဲ့ ထိတွေ့ဆက်ဆံပြီး ဝန်ဆောင်မှု ပေးရတဲ့သူတွေ ဉပမာ ဘဏ်ဝန် ထမ်းတွေပေါ့။ အဲဒီသူတွေကို ထိုးနှံပေးသွားမှာဖြစ်ပါတယ်’’ ဟု ပျဉ်းမနားမြို့နယ် ကုတင် ၂၀၀ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်ကျော်က ပြောကြားသည်။
ပျဉ်းမနားမြို့နယ်အတွင်းရှိ ပြည်သူများအနက် ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးကို လူဦးရေ အား ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
ဇော်ဖြိုး