မြိတ်မြို့တွင် ကိုဗစ်-၁၉ ဝေဒနာရှင်များနှင့် ပရဟိတအဖွဲ့များအတွက် အလှူငွေနှင့် အာဟာရဖြည့်အစားအသောက်များ ထောက်ပံ့ပေးအပ်

မြိတ်   ဇူလိုင်   ၂၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြသည့် ကိုဗစ်-၁၉ ပိုးတွေ့ ရှိ၍ ဆေးကုသမှုခံယူနေကြသော ဝေဒနာရှင်များနှင့် စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့များအတွက် ဇူလိုင်လ(၂၉) ရက် နံနက်ပိုင်းက ပုလဲရတနာခန်းမတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တပ်နယ်မိသားစုများ စုပေါင်းလှူ ဒါန်းကြသည့် အလှူငွေများနှင့် အာဟာရဖြည့်အစားအသောက်များ ထောက်ပံ့ပေးအပ်ခဲ့သည်။

ရှေးဦးစွာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်က လှူဒါန်းရတဲ့ ရည်ရွယ်ချက်နှင့် မြိတ်မြို့ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးအတွက် စိတ်ရင်းစေတနာအမှန်ဖြင့် ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးနေကြသည့် ပရဟိတအဖွဲ့များကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ပရဟိတအဖွဲ့များအနေဖြင့် ကိုယ်ကျိုးမငဲ့ဘဲ လုပ်ဆောင်ပေးနေတာဖြစ်တဲ့အတွက် စားသောက်နေထိုင်ရေးကို ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ ကိုဗစ်-၁၉ ထိန်းချုပ်နိုင်ရေးအတွက် ပရဟိတများ၏အားနှင့် စေတနာရှင်အလှူရှင်များ၏အားဖြင့် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထိုနောက် ကိုဗစ်-၁၉ ပိုးတွေ့ရှိ၍ ဆေးကုသမှုခံယူနေကြသော ဝေဒနာရှင်များနှင့် စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့များအတွက် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် မြိတ်တပ်နယ်မိသားစုမှ စုပေါင်းလှူဒါန်းကြသည့် အလှူငွေကျပ်သိန်း(၂၀)နှင့် အာဟာရဖြည့် အစားအသောက်များကို တိုင်းမှူးက ထောက်ပံ့ပေးအပ်ရာ မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးအထောက်အကူပြုအဖွဲ့မှ ဦးအင်ဟို နှင့် ပရဟိတအဖွဲ့များကိုယ်စား ဦးစိုးဦး က လက်ခံရယူခဲ့ကြသည်။

ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြသည့် ကိုဗစ်-၁၉ ပိုးတွေ့ရှိ၍ ဆေးကုသမှုခံယူနေကြသော ဝေဒနာရှင်များနှင့် စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့များအတွက် အလှူငွေကျပ်သိန်း(၂၀)၊ ဆန်(၃၀)အိတ်၊ ဆီ(၁၀)ပုံး၊ ကြက်ဥ(၁၀၀၀)လုံး၊ ကြက်သွန်နီ(၅)အိတ်၊ ကြက်သွန်ဖြူ(၂)အိတ်၊ ငှက်ပျောသီး(၅၄)ဖီးနှင့်(၅)ခိုင်၊ ဘီစကစ်မုန့် ခြောက်(၅)ဖာနှင့် ပရဟိတအဖွဲ့များအတွက် လုံချည်(၅၀)လုံးကို မြိတ်တပ်နယ်မိသားစုမှ စုပေါင်း လှူဒါန်း ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (မြိတ်)