ပြည်မြို့နယ်တွင် ယမန်နေ့နှင့်ယနေ့အထိ အသက် ၆၅ နှစ်နှင့်အထက် အဘိုးအဘွားများနှင့် ရဟန်းရှင်လူပြည်သူ စုစုပေါင်း(၂၄၇)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ယမန်နေ့ကစတင်၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသော အသက်၆၅နှစ်နှင့်အထက် အဘိုးအဘွားများ အပါအဝင် ရဟန်းရှင်လူပြည်သူများအား အုပ်စုခွဲ၍ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ စုစုပေါင်း (၂၄၇)ဦး ထိုးနှံပေးခဲ့ကြောင်းသိရသည်။