ရွာငံမြို့နယ်တွင်း အသက်(၆၅)နှစ်အထက် ပြည်သူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ အသက်(၆၅)နှစ် အထက်ပြည်သူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီက ရွာငံမြို့ဗထူးခန်းမ၊ ရေဦး၊ မြိုင်၊ မြင်းကျဒိုးနှင့် မြို့ကြီး ကျေးရွာများရှိ အထက များ၌ ဇုန်(၅)ဇုန်ခွဲ၍ ထိုးနှံပေးခဲ့သည်။