မြဝတီမြို့၌ ရေကြီးမှုအပြီး တင်ကျန်ခဲ့သည့် အမှိုက်နှင့်ရွှံ့နွံများအား ဖယ်ရှားရှင်းလင်းခြင်း ဆောင်ရွက်
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် (၉၆၃)စင်တီမီတာကို ကျော်လွန်ကာ မြစ်ရေလျှံတက်ပြီး အနိမ့်ပိုင်းနေရာများ ရေကြီးမှု ဖြစ်ပွားခဲ့ပြီး ယခုအခါ သောင်ရင်းမြစ်ရေ၏ စိုးရိမ်ရေအမှတ် အောက်သို့ရောက်ရှိကာ မြစ်ရေပြန်လည်ကျဆင်းသွားသည့်အတွက် ရေကြီးမှုတွင်တင်ကျန်ခဲ့သည့် အမှိုက်နှင့် ရွှံ့နွံများအား ဖယ်ရှား ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။