အောင်လံ ဩဂုတ် ၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) အား အသက်(၆၅)နှစ်အထက် ဘိုးဘွားများကို အောင်လံမြို့နယ် အထွေထွအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယမန်နေ့မွန်းလွဲ (၁၂)နာရီခွဲအချိန်က စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးမှုမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော (Sinopharm) ဆေး အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူနှစ်ဦးနှုန်းဖြင့် ထိုးနှံနိုင်ပြီး (၂၈)ရက်ပြည့်လျှင် ဒုတိယအကြိမ်ထိုးနှံပေး သွားမည်ဖြစ်ရာ အောင်လံမြို့နယ်အတွက် ဆေးပုလင်းအရေအတွက် (၁၀၅၀) လုံးရရှိပြီး ယမန်နေ့ မွန်းလွဲပိုင်းက ဘိုးဘွား(၉၆)ဦးထိုးနှံပေးပြီး နေ့စဉ် နံနက်(၉)နာရီ မှ (၁၂)နာရီအထိ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။