မင်္ဂလာဒုံမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် မိဘပြည်သူများနှင့် Volunteer များအား ကိုဗစ်- ၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံပေး
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အသက်(၆၅)နှစ် နှင့်အထက် မိဘပြည်သူများနှင့် Volunteer များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းကို ယမန်နေ့နံနက် ၁၀ နာရီမှစတင်၍ မင်္ဂလာဒုံ မြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၌ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ထိုးနှံဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။