သန်လျင်ရေနံချက်စက်ရုံ၌ ပင်စင်လစာများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်အညီ ထုတ်ပေး သွားမည်

 

ရန်ကုန် သြဂုတ် ၂

 ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ အမှတ် (၁) ရေနံချက်စက်ရုံမှ (အငြိမ်းစား) မိဘပြည်သူများ ပင်စင်လစာများအား  ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ကျန်းမာရေး စည်းကမ်း ချက်များနှင့်အညီ​ သြဂုတ် ၃ ရက် နံနက် ၈ နာရီတွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါရေနံချက် စက်ရုံမှ သိရသည်။

သန်လျင်မြို့ အမှတ် (၁) ရေနံချက်စက်ရုံတွင် ပင်စင်လစာများအား သြဂုတ် ၃   ရက်နေ့တွင် ထုတ်ပေး သွားမည်ဖြစ်ရာ ပင်စင်အမျိုးအစားအားလုံး လာရောက်ထုတ်ယူပေးကြရန်နှင့် ပင်စင်လစာများအား အမှတ် (၁) ရေနံချက်စက်ရုံ ရုံးကြီးရှိ ပင်စင်ဌာနစိတ်တွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ပင်စင် လာရောက်ထုတ်ယူသည့်အခါ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပါးစပ်/နှာခေါင်းစည်း Mask များ တပ်ဆင်လာကြရန်၊ ပင်စင်ထုတ်ယူမည့်သူတစ်ဦးသာ လာရောက်ထုတ်ယူကြရန်ကျန်းမာရေး အခက်အခဲကြောင့် မဖြစ်မနေလာရောက်ထုတ်ယူပါက နှစ်ဦးထက်မပို ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်ပြီးမှ လာရောက်ထုတ်ယူကြရန်၊ ကျန်းမာရေးအတွက် ကလေးငယ်များအား (လုံးဝ) မခေါ်လာရန် သက်ဆိုင်ရာမှ  အသိပေးထားရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်