ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းညှိနှိုင်း​​ဆွေး​နွေးခြင်းနှင့်အလှူ​ငွေ​ပေးအပ်

 

 

ဖား​​ဆောင်း ဩဂုတ် ၁၉

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖား​​ဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် ‌တုန့်ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း ​​ဆွေး​နွေးခြင်းနှင့်အလှူ​ငွေ​ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက်၁၀နာရီအချိန်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်း အဝေး ခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်း​​အောင်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခု ကိုဗစ်-၁၉ တတိယလှိုင်းတွင် မြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်မှုများ ပျံ့နှံ​နေ​သော​ကြောင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်​ရေးလိုက်နာရမည့် စည်းကမ်းချက်များနှင့် ဆက်လက်သတ်ပြု​နေထိုင် သွားကြရန်လိုအပ်​ကြောင်း၊ မိမိတို့ရပ်ကွက်​ကျေးရွာများအ​ရောက်အသိပညာ​ပေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်​ကြောင်း၊ယခုကိုဗစ်တတိယလှိုင်းတွင် ကြိုတင်ကာကွယ်​ရေးနှင့် ပိုး​တွေ့လူနာများအား စွမ်းစွမ်းတမံကူညီ​ဆောင်ရွက်​ပေးကြသည့် ​ရွှေပြည်သို့လူမှုကူညီ​ရေးအသင်း၊ မြို့နယ်ကြက်​​ခြေနီအသင်း၊​ကော်မတီဝင်များနှင့်ရပ်ပိရပ်ဖများကို ​ကျေးဇူးအထူးတင်ရှိပါ​ကြောင်း ၊ကိုဗစ်-၁၉ ​ရောဂါပိုမိုကူးစက်ပျံ့နှံမှုမရှိ​​စေ​ရေးပြည်သူများအားလုံးပူး​ပေါင်း​ဆောင်ရွက်ရန်လို​ကြောင်း​ ပြောကြားခဲ့သည်။

ဆက်လက်​ရေး တက်​ရောက်လာကြသည့်​ရွှေပြည်သို့လူမှုကူညီ​ရေးအသင်းမှ အဖွဲ့ဝင်များ၊ ရပ်မိ ရပ်ဖများက လုပ်ငန်းလိုအပ်ချက်များအသီးသီးတင်ပြခဲ့ကြ​ကြောင်းနှင့် ​ရွှေပြည်သို့လူမှုကူညီ​ရေးအသင်း လူနာတင်ယာဥ်ဝယ်ယူရန်အတွက် မြို့နယ်ကိုဗစ်-၁၉ ​ကော်မတီမှ အလှူ​ငွေ(၅)သိန်းကျပ်နှင့်ကော်ဖီမစ်ထုပ်များ၊အဆာ​ပြေစားသုံးနိုင်ရန်မုန့်ထုပ်များ​ပေးအပ်လှူဒါန်းခဲ့​ကြောင်းသိရသည်။

နန်းသဲနု​အောင်