ကျိုက်လတ်မြို့နယ်တွင် စက်ရုံအလုပ်ရုံလုပ်သားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ကျိုက်လတ်    သြဂုတ်  ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ယနေ့ နံနက် ၉ နာရီ မှစတင်၍ ကျိုက်လတ်မြို့နယ်အတွင်းရှိ ဆန်စက်အလုပ်သမား (၆၉၈)ဦးအားပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 ကာကွယ်ဆေးထိုးရာတွင် ကျိုက်လတ်မြို့နယ်၌စုရပ်  ၄  ခုခွဲ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း နှင့်စုရပ်များမှာ  အထက-၁ကျောင်းတွင် ၁၉၅ဦး၊ MAPCOပေါင်းဆန်စက်တွင် ၁၁၆ ဦး၊အမှတ်  ၆ရပ်ကွက်ပြည့်လျှံဆန်စက်တွင် ၁၈၈ ဦး၊အမှတ် ၆ ရပ်ကွက်ရွှေသားကျောင်းတွင်  ၁၉၉ ဦးတို့အား  ထိုးနှံပေးသွားမည်ဖြစ်ကြောင်း  မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှသိရသည်။

ထို့နောက် ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးထွန်းသိန်းအောင်နှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမင်းသိန်းတို့မှ  လမ်းညွှန်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များပူးပေါင်း၍ ကာကွယ်ဆေးထိုးစုရပ်အဝင်ဝတွင် လက်သန့်ဆေးရည်များ ဖျန်းပေးခြင်း၊ ကာကွယ်ဆေး ထိုးနှံမည့် သတ်မှတ်နေရာများတွင် ထိုင်စေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ စာရင်းမှတ်တမ်းပေးသွင်းစေခြင်းတို့ကို ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံပေးခဲ့ကြသည်။ ကာကွယ်ဆေးထိုးပြီးသူများကိုလည်း ကျန်းမာရေးဝန်ထမ်းများက မိနစ် ၃၀ နားနေစေခြင်း၊  ပုံမှန်အတိုင်း နေထိုင်စားသောက်ရန်၊ အပြင်သို့ထွက်ခွာရန်ရှိပါက ပါးစပ်နှာခေါင်းစည်း ဝတ်ဆင်ပြီးမှအပြင်သို့ ထွက်ရန် စသည်တို့ကို အသိပညာပေး   မျှဝေပေးခဲ့ကြသည်။

ဌေးဌေးလှိုင်