မော်လမြိုင်ကျွန်းမြို့နယ် အတွင်းရှိ​ဆေးဆိုင်များအား မြို့နယ်ဆေးဝါးနှင့်ဆေးပစ္စည်း စျေးကွက် စောင့်ကြည့်စစ်ဆေးကြပ်မက်ရေးအဖွဲ့မှ လိုက်လံစစ်​ဆေး

 

 

မော်လမြိုင်ကျွန်း   ဩဂုတ် ၁၉

 

ဧရာဝတီတိုင်းဒေသကြီး ၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ဖွင့်လှစ်ထားရှိသော ဆေးဆိုင်များအား မြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများဈေးကွက် စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့မှ ယနေ့ နံနက် ၁၁:၀၀ နာရီအချိန်ကကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်အတွင်းရှိ ဆေးဆိုင်များအား မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုဦးစီးမှူး ဦးအောင်ဝေလင်း၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူး ဦးမင်းဇော်လတ်၊ ​မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်​ရေးမှူးများပါဝင်​သောအဖွဲ့ မှ  ဆေးဆိုင်များ စျေးနှုန်း တင်ရောင်း ချမှု မရှိစေရေး ၊ ဆေးဝါးများပြတ်လပ် မှု မရှိစေရေး တို့ကို အသိပညာပေး ဆွေးနွေး ပြောကြားပြီး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်း၊ စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်မှု့ရှိ၊မရှိ စစ်ဆေးသည်။

 

မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ ၅၇၃ ဦး ရှိပြီး ကုသဆဲလူနာ ၉၈ ဦးရှိကာ ကျန်းမာရေးကောင်းမွန်စွာ‌ ဆေး‌ရုံဆင်းသူ ၃၈၆ ဦးနှင့် သေဆုံးလူနာ ၈၉ ဦးရှိပြီဖြစ် သည့်အတွက် စစ်ဆေးရေးအဖွဲ့မှ မြို့နယ်အတွင်း ရှိ မြို့မစျေးကြီး၊အောင်သာယာစျေး၊ဗိုလ်ချုပ်​စျေး နှင့် အိမ်ဆိုင်များသို့ လှည့်လည်စစ်ဆေးပြီး လိုအပ်သည်များကို ပြောကြား ဆွေးနွေးခဲ့ ကြောင်းသိရသည်။

   

အောင်အောင်