မိုးနဲမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

 

မိုးနဲ  ဩဂုတ်  ၁၉

 

 

 ရှမ်းပြည်နယ်‌(တောင်ပိုင်း) ၊လင်းခေးခရိုင် ၊မိုးနဲမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်‌ရေး၊ ကယ်ဆယ်‌ရေးလုပ်ငန်းများ နှင့်ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်သည်။

  

 

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမြင့် က သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ ချရေးလုပ်ငန်းစဉ်များကို အများပြည်သူသိရှိ အောင်ဆောင်ရွက်ရေး၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများအား လျော့ချနိုင်ရန်နှင့်စီမံခန့်ခွဲ နိုင်ရန်အတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံချက်များကိုရေးဆွဲပြီး ညှိနှိုင်းပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားရေး၊ တုံ့ပြန်ဆောင်ရွက်ရေး၊ ပြန်လည်ထူထောင်ရေးတို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အတွက် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ကြရန်လိုကြောင်း ရှင်းလင်း ဆွေးနွေးခဲ့သည်။

  

ထို့နောက် တက်ရောက်လာသောမိုးနဲမြို့နယ်တပ်နယ်မှူး ဗိုလ်မှူးအောင်ဇင်လတ်  နှင့်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနီဝင်း တို့က ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း ၊မြို့နယ်မီးသတ် ဦးစီးမှူး ဦးကျော်ကိုကိုသက်က သဘာဝ‌ဘေးအန္တရာယ်ဆိုင်ရာများနှင့် စပ်လျဉ်း၍ ကြိုတင် ဇာတ်တိုက် လေ့ကျင့်မှုများ ၊ကူညီ ကယ်ဆယ်ရေးနှင့် ရှာဖွေရေးပစ္စည်းများထားရှိမှုအခြေအနေများကို လည်းကောင်း ၊တက်ရောက် လာသောဌာနဆိုင်ရာများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် အသုံးပြု ရန် ယာဉ်/ ယန္တရားများ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို လည်းကောင်း တင်ပြဆွေး‌နွေးခဲ့ရာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌက ကယ်ဆယ် ရေးသုံး ပစ္စည်းများ အလုံအလောက်စုဆောင်းထားရှိရေး ၊ပြန်လည်ထူထောင်ရေး ၊ထောက်ပံ့ ကူညီနိုင်ရေး နှင့်အသိပညာပေးလုပ်ငန်းများကို ကြိုတင်စီမံဆောင်ရွက်သွားနိုင်ရေး ဖြည့်စွက်ရှင်းလင်း‌ခဲ့ကြောင်း သိရသည်။

                                                                                                       

မျိုးညွန့်ရွှေ (မိုးနဲ)