လင်းခေးခရိုင် ဟိုမိန်းမြို့ပြည်သူများအား အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ် ပေးအပ်

လင်းခေး ဩဂုတ်၂၀

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လင်းခေးခရိုင်၊လင်းခေးမြို့နယ်ဦးစီးဌာနမှ ‘ပန်းခင်းစီမံချက်”ဖြင့် ဟိုမိန်းမြို့ ပြည်သူ(၃၂)ဦးအတွက် အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ထုတ်ပေးခြင်းကို ယမန်နေ ့မွန်းလွဲ၄နာရီက လင်းခေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရှိအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပေးအပ်ရာတွင် လင်းခေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးမြို့ဆောင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှူး ဦးထွန်းလှကျော်တို့က ကတ်ပြားနှင့်အိမ်ထောင်စုစာရင်းလျှောက်ထားသည့် ဟိုမိန်းမြို့ပြည်သူလူထု(၃၂)ဦးတို့ အတွက်၎င်းပေးအပ်ခဲ့ကြရာ၊ လျှောက်ထားကြသူများ၏ကိုယ်စား ဟိုမိန်းဒေသဖွံ့ဖြိုးတိုးတက် ရေးအဖွဲ့မှ ဦးဌေးအောင်က လက်ခံရယူပေးခဲ့ပါသည်။

ပန်းခင်းစီမံချက်ဖြင့်    တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား အိမ်ထောင်စုလူဦး ရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်‌‌ပေး ရေးအတွက် (၃-၅-၂၀၂၁)မှ(၃-၁၁-၂၀၂၂)ရက်နေ့အထိဆောင် ရွက်ပေးလျက်‌ရှိရာ  ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ လူဝင်မှုကြီး ကြပ်ရေးင့် ပြည်သူ့အင်အားဦးစီးဌာနသည်လည်း လင်းခေးမြို့ နယ်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေ စာရင်းနှင့်ကိုင်ဆောင်သင့်သောကတ် တစ်မျိုးမျိုးထုတ်ပေးနိုင်ရေးဆောင်ရွက်ပေးလျက်ရှိပြီး၊ ပြည်သူများအနေဖြင့် အိမ်ထောင်စုစာရင်းများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်နိုင်ရန် လင်းခေးမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန(09427313338)သို့ လာရောက်ဆက်သွယ်၍ပြုလုပ်သွားနိုင်ပါကြောင်း လင်းခေးမြို့နယ် လဝကဦးစီးဌာနရုံးမှ သိရသည်။

စိုင်းဇော်လတ်(ခရိုင်ပြန်/ဆက်)