ကော့ကရိတ်မြို့၌ (၆)ကြိမ်မြောက် သာသနမာမက သာသနလင်္ကာရသာမဏေကျော်စာမေးပွဲ ကျင်းပ

 ကော့ကရိတ် ဇန်နဝါရီ  ၂၇

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့်  (၆)ကြိမ်မြောက် သာသနမာမက သာသနလင်္ကာရသာမဏေကျော်စာမေးပွဲကို ယနေ့မွန်းလွှဲ (၁)နာရီအချိန်က ကော့ကရိတ်မြို့နယ်၊ ကော့ဝါလဲကျေးရွာ၊ အေးချမ်းသာယာတောရကျောင်း ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲတွင် ကော့ကရိတ်မြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများရှိ စာရင်းသွင်းဖြေဆိုမည့်  သံဃာ၊ သီလရှင် စုစုပေါင်း (၁၃၅၉)ပါးရှိသည့်အနက် မူလတန်းတွင် သံဃာ ၊ သီလရှင် (၂၉)ပါး၊ ဥပမစာ (က)တန်းတွင် သံဃာ၊ သီလရှင် (၁၁)ပါး၊  ဥပမစာ (ခ)တန်းတွင် သံဃာ ၊ သီလရှင် (၁၁)ပါး၊ ပထမအဆင့်တွင် သံဃာ၊ သီလရှင် (၇၁၉)ပါး၊ ဒုတိယအဆင့်တွင် သံဃာ၊ သီလရှင် (၁၂၉)ပါးနှင့် တတိယအဆင့်တွင် (၈၁)ပါးတို့မှ ဖြေဆိုခဲ့ကြကြောင်း သိရသည်။

အဆိုပါစာမေးပွဲကို ဇန်နဝါရီ (၂၆)ရက်နေ့မှ (၂၈) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

စောအောင်မျိုးလွင် (ပြန်/ဆက်)