တွံတေးမြို့နယ်၌ သတင်းထုတ်ပြန်ချက် စာစောင်များအား လိုက်လံဖြန့်ဝေခြင်းဆောင်ရွက်

တွံတေး ဇန်နဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ စျေးဆိုင်များ စက်ရုံ အလုပ်ရုံများနှင့် တွံတေး-လှိုင်သာယာ၊ တွံတေး- ဒလ၊ တွံတေး - မအူပင် ကားလမ်းမဘေးရှိ စျေးဆိုင်၊ စားသောက်ဆိုင်များအား ဖေဖော်ဝါရီ(၁)ရက်နေ့တွင် ပုံမှန်ရောင်းချရေး သတင်း ထုတ်ပြန်ချက် စာစောင်များအား ယနေ့ နံနက်ပိုင်းက စတင်လိုက်လံဖြန့်ဝေခြင်း၊ အသံ ချဲ့စက်ဖြင့် ကြေညာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH၊ NUG နှင့် ယင်းတို့ လက်အောက်ခံ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၏ Facebook Account များမှ နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်ပေါ်စေရန် မည်သူမျှ နေအိမ်ပြင်ပထွတ်၍ သွားလာလှုပ်ရှားခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်းများ မပြုဘဲ Silence Strike (အသံတိတ်) ပြုလုပ်ရန် လှုံ့ဆော်မှုအပေါ် ပြည်သူများအနေဖြင့် လိုက်ပါ လုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်း မပြုလုပ်ရန်၊ ပြုပါက တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ် ကြောင်း ဒေသန္တရအမိန့် ထုတ်ပြန်ထားရှိမှုအား ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် အသံချဲ့စက် ဖြင့်ကြေညာခြင်း၊ သတင်းထုတ်ပြန်ချက် စာစောင်များအားလိုက်လံဖြန့်ဝေခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

တွံတေးသား