ကော့ကရိတ် ဇန်နဝါရီ ၂၇
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် Silent Strike(အသံတိတ်သပိတ်)နှင့် ပတ်သက်သည့် အကြောင်း အရာများကို ပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပေးကြေညာချက် ဗွီနိုင်းများစိုက်ထူခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က ကော့ကရိတ် မြို့ပေါ်ရပ်ကွက်အတွင်းရှိ လူစည်ကားရာနေများတွင် စိုက်ထူခဲ့ကြကြောင်း သိရသည်။
ထို့သို့ အသိပေးကြေညာချက် ဗီနိုင်းများစိုက်ထူရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက လူစည်ကားရာနေရာများဖြစ်သည့် အမှတ် (၄) ရပ်ကွက်၊ တောင်ပေါ်ကျောင်း ဘုန်းတော်ကြီးကျောင်းရှေ့၊ အမှတ် (၃)ရပ်ကွက် မြို့မဈေးကြီးရှေ့နှင့် အမှတ် (၆)ရပ်ကွက်၊ အထက(၂)ကျောင်းရှေ့တို့တွင် အဆိုပါ အသိပေးကြေညာချက် ဗွီနိုင်းများ စိုက်ထူခဲ့ကြကြောင်း သိရသည်။ အဆိုပါ အသိပေးကြေညာချက် ဗွီနိုင်းတွင် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH၊ NUGနှင့် ယင်းတို့ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Account များမှ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိန့်လန့်မှုများဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး Silent Strike(အသံတိတ်သပိတ်)ပြုလုပ်ရန်၊ လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်း စသည်ဖြင့် အသံပိတ်သပိတ်ပြုလုပ်ရန် လှုံဆော်မှုများ လူမှုကွန်ရက်များ၌ ပျံ့နှံ့နေသည်ကို တွေ့ရှိရကြောင်း၊ အစိုးရစက်ယန္တရားများ ပျက်ပြားစေရန်ရည်ရွက်၍ လှုံဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ယက်မှတစ်ဆင့် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်ဆောင်ရွက်လျက်ရှိခြင်းကြောင့် ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် နားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလှုံဆောင်ခြင်းနှင့် အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ လှုံဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ အစရှိသည်တို့ကို ပြုလုပ်မိပါက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၂)က၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆည်ဥပဒေများအရ အရေးယူခံရနိုင်ကြောင်း စသည့်အချက်များပါဝင်ကြောင်း သိရသည်။
ထို့အတူ မြို့နယ်အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့က ကော့ကရိတ် မြို့ပေါ်ရပ်ကွက်များတွင် Silent Strike (အသံတိတ်သပိတ်)နှင့် ပတ်သက်သည့် အသိပေးထုတ်ပြန်ချက်များကို ပြည်သူများအနေဖြင့် သိရှိစေရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)