ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စာရင်းစစ်ရုံးတို့ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်သင် ကြားပေးလျက်ကြောင်း သိရှိရသည်။

သံတောင်ကြီးမြို့နယ် Community Centre တွင် Book Club/Youth Club များက စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း အကျိုးကျေးဇူး သိစေရှိစေရန် ရည်ရွယ်၍ Book Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာ ဖေမြင့်၏ အပြောင်မြောက်ဆုံး ဘဝတစ်ခုကို တည်ဆောက်ခြင်း စာအုပ်အား ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က သံတောင်ကြီး မြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေကူမြို့နယ်တွင် နွေစပါးသီးနှံများ စိုက်ပျိုးမည့် တောင်သူများအား ယူရီးယားဓါတ်မြေသြဇာ ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးလျက်ရှိ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင်  နွေစပါးနှင့်ဆောင်းစပါးသီးနှံများစိုက်ပျိုးမည့် တောင်သူများအား   ယူရီးယားဓါတ်မြေသြဇာအိတ်များ ဈေးနှုန်းချိုသာစွာဖြင့် ဇန်နဝါရီ  ၂၀ ရက်နေ့မှစတင်၍  ရွှေကူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌   ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။

ခိုလမ်မြို့၌ အကြမ်းဖက်အဖွဲ့များ၏ လှုံ့ဆော်ဝါဒဖြန့်မှုများတွင် ပါဝင်ပတ်သက်မှုများ မရှိစေရေး အသိပေး နှိုးဆော်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့တွင် အကြမ်းဖက်အဖွဲ့ဝင်များ၏ နိုင်ငံတော်တည် ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်သည့် လှုံ့ဆော်ဝါဒဖြန့်မူများတွင် ပြည်သူများအနေဖြင့် ပါဝင် ပတ်သက်မှု မရှိစေရေးအတွက် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်မှ စတင်၍ မြို့ပေါ် (၆)ရပ်ကွက်အတွင်း Hand speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့သည်။

ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း (၁/၂၀၂၂) ဆင်းပွဲကျင်းပ

သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း (၁/၂၀၂၂)ဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီလ၂၇ ရက်နေ့ ညနေ၂ နာရီခွဲ က သာပေါင်းမြို့နယ်၊ Y.G.W အဝါရောင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်း၊မိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်း စာသင် ဆောင်ခန်းမ၌ကျင်းပြုလုပ်ခဲ့သည်။

ဒလမြို့နယ် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ပြုလုပ်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းရရှိစေ‌ရေးအတွက် ရည်ရွယ်၍  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသလို အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်ရရှိရေးအတွက် အခြေခံပညာကျောင်းများသို့ ကွင်းဆင်းပြုလုပ်ပေးလျက်ရှိရာ လက်ရှိအချိန်၌  ကျောင်းများအားလုံးနီးပါး ပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။    

လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေး  အသိပညာပေးနှိုးဆော်ခြင်းများ ဆက်လက်ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ဒေသနေပြည်သူများ   ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းများကို    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက နေ့စဉ် အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေန့နက်ပိုင်းက ကရင်မြန်မာနှစ်ဘာသာဖြင့် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။

ရေးမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲများ ကျင်းပပြုလုပ်

မွန်ပြည်နယ် ရေးမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများကို ယမန်နေ့ နံနက် ၁၀နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နိုင်ရန် ဒေသဝက်(၁၀)ကောင်နှင့် ဒေသကြက်(၁၀၀)ကောင် ဖြန့်ဖြူးပေးအပ်

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဘိန်းအစားထိုး မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင် ရန်အတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ပြည်ထောင်စုရန်ပုံငွေဖြင့် ဖြန့်ဖြူးထောက်ပံ့သော ဒေသဝက် (၁၀)ကောင်ကောင်နှင့် ဒေသကြက်(၁၀၀)ကောင် ‌ ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၂၆ ရက် နံနက် ၁၀ နာရီက နားခိုက်ကျေးရွာအုပ်စု၊ ထီတန်းကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေကြည်မြို့နယ်တွင် သတင်းထုတ်ပြန်မှုများအား ပြည်သူများ သိရှိစေရန် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် အသံတိတ်သပိတ်နှင့် ပတ်သက်၍ ပြည်သူလူထုများအား ကြောက်ရွံ့ထိတ်လန့်မှုများ မဖြစ်ပေါ်စေရန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက ယနေ့နံနက် (၉)နာရီအချိန်က ပိတောက်ချောင်လမ်းဆုံတွင် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရသည်။
Subscribe to