စေတုတ္တရာ ဇန်နဝါရီ ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် မကြီးစုကျေးရွာ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးထားသည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မကြီးစု ကျေးရွာ မူလတန်းလွန်ကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီက ပေးအပ်ခဲ့ကြသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စေတုတ္တရာမြို့၊ မြို့နယ်ဦးစီးမှူးရုံးမှ ဒုဝကမှူး ဦးမင်းနိုင်ထွန်း ဦးဆောင်၍ ကျေးရွာမူလတန်း လွန်ကျောင်း၌ အသက် ၁၀ ပြည့် ကျောင်းသား၁၃ ဦးနှင့် ကျောင်းသူ ၁၄ ဦး၊ စုစုပေါင်း ၂၇ ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို တစ်ဦးချင်းအလိုက် လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဇော်ဇော်အောင်(စေတုတ္တရာ ပြန်ဆက်)