ကျိုက်လတ် ဇန်နဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ငလျှင်ဘေး အန္တရာယ်ဖြစ်ပေါ်လာပါက ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးဇေယျာမင်းဦးဆောင်၍ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံတွင် ငလျှင်ဘေးအန္တရာယ်နှင့် အခြား ဘေးအန္တရာယ်များကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
ယခုကဲ့သို့ လေ့ကျင့်ဆောင်ရွက်ရခြင်းမှာ မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက် တာဝန်(၄)ရပ်ဖြစ်သော မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဟူသော ရည်မှန်းချက်တာဝန်(၄)ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ သဘာဝဘေးအန္တရာယ် ကျရောက်လာပါကအရေးပေါ်ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများ၊အလျှင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးဇေယျာမင်းက ရှင်းလင်း ပြောကြားခဲ့ကြောင်းသိရသည်။
ဌေးဌေးလှိုင်