ကလိန်အောင်မြို့တွင် နိုင်ငံတော်အစိုးရ၏ သတင်းထုတ်ပြန်ချက်အား အများပြည်သူသိရှိစေရန် အသိ‌ပေးစာစောင်များ ဖြန့်ဝေ

ကလိန်အောင်  ဇန်နဝါရီ ၂၈

ထားဝယ်ခရိုင်၊ ကလိန်‌အောင်မြို့တွင် အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထား သည့် CRPHNUG နှင့် ဆက်စပ်နေသည့် အဖွဲ့အစည်းများမှ လှုံ့ဆော်ထားသော အသံတိတ် သပိတ်တွင် ပြည်သူများလိုက်ပါ ဆောင်ရွက်ခြင်းမရှိစေရေး အသိပေးစာစောင်များ ဖြန့်ဝေ ခြင်းကို ယနေ့ နံနက်   နာရီခွဲက ကလိန်အောင်မြို့အတွင်းရှိ စားသောက်ဆိုင်များနှင့် ကုန်စုံ ဆိုင်များတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါအသိ‌ပေးစာစောင်တွင်  အကြမ်းဖက်အုပ်စုများအဖြစ် ကြေညာထားသည့် CRPH၊  NUG နှင့် ဆက်စပ်နေသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook account များမှ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ပြီး Silence Strike (အသံတိတ်သပိတ်) ပြုလုပ်ရန် လက်ခုတ်တီးခြင်း၊ ကားဟွန်းတီးခြင်းများ မပြုလုပ်ရန်နှင့် ပြည်သူများအနေဖြင့် လိုက်နာခြင်းမရှိဘဲ အဆိုပါ လှုံ့ဆော်ခြင်းများအား လိုက်ပါပြုလုပ်ခြင်း၊ စည်ရုံးလှုံ့ဆော်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်ခြင်းများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်း များ မပြုလုပ်ကြရန်နှင့် ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ပြီး ပြစ်မှုနှင့်သတ်ဆိုင် သည့် ပစ္စည်းများကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေအရ နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင် ကြောင်း စသည့်အသိပေးချက်များ ပါဝင်ကြောင်း သိရှိရသည်။

အဆိုပါအသိပေး စာစောင်များ ဖြန့်ဝေခြင်းကို မြို့စည်ပင် သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရက်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်တဲ့ ပူပေါင်းအဖွဲ့က အသိပေစာစောင်(၁၅ဝ)စောင်အား ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မိုးမိုးခိုင်